အမြို့မြို့အနယ်နယ်သတင်းများ

Feb 02,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဌာနဆိုင်ရာနှင့် ကျေးရွာအုပ်စုများ စုပေါင်း၍ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Feb 02,2022
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် စည်ပင်သာယာယာရေးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးသည့် မြို့လည်ရပ်ကွက် ကျောင်းတော် အနောက်လမ်း ကတ္တရာ ထပ်ပိုးလွှာ လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အဆိုပါလမ်း မုခ်ဦး၌ ကျင်းပကြောင်း သိရသည်။
Feb 02,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ သီရိဟေမာရပ်ကွက်၊ သီရိဟေမာ(၄)လမ်း၌ ယနေ့နံနက်(၁၀)ခွဲ အချိန်က ကွန်ကရစ်လမ်း ဖွင့်ပွဲကိုကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 02,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ  ၁ နာရီက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို  စုပေါင်းထမနဲထိုးပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။
Feb 02,2022
သထုံခရိုင် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သော (၁/၂၀၂၂) အရန်မီးသတ်တပ်ဖွဲ့ဝင်များ အားလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီ က ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
Feb 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု အတွင်းရှိ ကမ္ဘားနီကျေးရွာ၌ အင်ဂျင်စနစ်မှ ဆိုလာဖြင့် ရေပေးရေးလုပ်ငန်း ဖွင့်လှစ် ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Feb 02,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တက္ကသိုလ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီတွင် မိုးညှင်းတက္ကသိုလ်အရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။