မြစ်ကြီးနားမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် လေဆိပ်ရှေ့ မလိခဥယျာဉ်ပန်းခြံ ဖွင့်လှစ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့်အထိမ်းအမှတ် မလိခဥယျာဉ်ပန်းခြံဖွင့်လှစ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မလိခဥယျာဉ်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကို အဆိုပါပန်းခြံရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြပြီး အခမ်း အနားကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သည်။

ဆက်လက်၍ မလိခဥယျာဉ်ပန်းခြံသစ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မလိခဥယျာဉ်ပန်းခြံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မလိခဥယျာဉ်ပန်းခြံသစ်အတွင်း အများပြည်သူအပန်းဖြေနိုင်ရေး အလှပန်းပင်များ၊ မီးတိုင်များ၊ အပန်းဖြေထိုင်ခုံများ စသည်ဖြင့် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ် ပြန်/ဆက်