ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆)လဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အမှတ်(၁)ရပ်ကွက်ရှိ ဘုရားပတ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက အဆိုပါလမ်း၌ ပြုလုပ်ခဲ့သည်။
လမ်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က ဘုရားပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းသည် ယခင်က၁၄၆၂ပေရှိသော ကျောက်ချောလမ်းအဆင့်သာရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် တင်ဒါအောင်မြင်ခဲ့သောT.S.C.ကုမ္ပဏီမှ(၁၀၉၅)ပေအရှည်ရှိ ကွန်ကရစ်လမ်းအဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသောလမ်းပိုင်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)