ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြို့လုံးကျွတ် စည်းကားသိုက်မြိုက်စွာ ဆွမ်းဆန်စိမ်းလောင်းလှူ

မောင်တော  ဖေဖော်ဝါရီ   ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်  မြို့တစ်ပတ် စည်းကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်မှုဖြင့်  အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ် ထက်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ် ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ လူထုများမှ ပူးပေါင်း၍ မောင်တောမြို့နယ်အတွင်းရှိ ရဟန်းသံဃာ၊ သာမဏေ (၁၄၅)ပါး သည် မောင်တောမြို့ မြို့မကျောင်းတိုက်ရှေ့မှ မင်းဘာကြီးလမ်း-ဈေးမြောက်ဘက် ဗိုလ်ချင်းပြန်လမ်း-ဈေး အရှေ့ဘက် ဦးဥတ္တမ လမ်း-ယူနိုက်တက် တည်းခိုခန်းလမ်းမှ မြို့မကျောင်း ကျောင်းတိုက်အထိ  တစ်လျှောက် ကြွရောက်ကာ  ဆွမ်းဆန်တော်များ အလှူခံကြရာ  ရဟန်း၊ သံဃာတော် များအား စေတနာရှင် အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တူများအား လောင်းလှူခဲ့ကြသည်။

သက်လွင်စိုး