ဒေးဒရဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ ကျင်းပ

ဒေးဒရဲ   ဖေဖော်ဝါရီ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်  (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် စစ်ကြောင်းမှူး ဦးဆောင်သော ပြိုင်ပွဲဝင်အသင်းများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား အလေးပြုပြီးနောက် ပြိုင်ပွဲဝင်အားကစား သမားများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအားအလေးပြုခဲ့သည်။ ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ပြိုင်ပွဲဝင်အားကစားသမားများက သစ္စာဓိဌာန်ရွတ်ဆိုခဲ့သည်။ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာနက ဦးဆောင်၍ Fitness Dance အကဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီးနောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမနေ့ ပွဲစဉ် (၁)အဖြစ် မီးသတ်ဦးစီးဌာနအသင်းနှင့် လယ်ယာ/စာရင်းအင်း(က)အသင်း၊ ပွဲစဉ် (၂) အဖြစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ခ)အသင်းနှင့်  လယ်ယာ/စာရင်းအင်း(ခ)     အသင်းတို့ ယှဉ်ပြိုင် သွားကြ မည် ဖြစ်သည်။

ဒေးဒရဲမြို့နယ်အနေဖြင့်  (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်  ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာ များရှိ အားကစားအသင်း (၈)သင်းမှ ပြိုင်ပွဲဝင် အားကစားသမား(၈ဝ)ဦး ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ  ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)