မေတ္တာ ဇန်နဝါရီ ၁၈
မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ဒေသခံပြည်သူများ အသိပညာဗဟုသုတများကို အလွယ်တကူရှာမှီးနိုင်ရေးရည်ရွယ်၍ စာအုပ်၊ စာစောင်များ မိုဘိုင်းငှားရမ်းပေးခြင်းဆောင်ရွက်မှုကို ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အမှတ်(၂) ရပ်ကွက်၊ အထက မေတ္တာကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုများအား နည်းလမ်းအမျိုးမျိုးဖြင့် ၀န်ဆောင်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိရာ စာအုပ်၊ စာပေချစ်မြတ်နိုး သူများ၊ စာကြည့်တိုက်သို့လာရောက်ရန် အချိန်မပေးနိုင်သူများအတွက် နယ်လှည့် မိုဘိုင်းစာအုပ်ငှားရမ်းပေးခြင်း ဖြင့်စာဖတ်နှုန်းဦးရေတိုးပွားရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါမိုဘိုင်း စာအုပ်ငှားရမ်းရာ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးမှ ဝန်ထမ်းများကသုတ၊ ရသစာအုပ်များ၊ ကလေးအကြိုက်စာအုပ်များ၊ လူကြီးအကြိုက်စာအုပ်များစသည့် စာအုပ်အမျိုးအစားအစုံအလင်ယူဆောင်ပြီး စာပေဝါသနာရှင်များထံသို့ မိုဘိုင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)