ငဖဲ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် အခြေခံပညာကျောင်း များမှကျောင်းနေ အရွယ်ကလေးများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ကာယ၊ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီ အချိန်က အခြေခံပညာမူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊အိမ်ဆောက်ဂိမ်းပြိုင်ပွဲနှင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများကို ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်း က ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူကလေး ငယ်များအား ပြိုင်ပွဲစည်းကမ်းများကိုပြောကြား၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပြီး ကလေးငယ် များလျှင်မြန်မှန်ကန်စွာ ယှဉ်ပြိုင် တည် ဆောက်တတ်စေရန်အတွက် အိမ်ဆောက်ဂိမ်းပြိုင်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ပေးရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းဆင့် ကျောင်းသား ကျောင်းသူ ကလေးငယ် (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုလက်ဆောင်များပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် ကလေးစာဖတ်ခန်းအတွင်း ဒေါ်အေးထက်ထက်(စာရေး)မှ ကျောင်းသားကျောင်းသူ ကလေးငယ်များအား လီခခ်တိုင်းရင်းသားစာပေမှ ရေးသားထုတ်ဝေသော ကူညီတတ်သောငှက်ကလေး ပုံပြင်ကိုပြောပြပြီး စာရေးဆရာဂုဏ်ဝင်း ရေးသားသော တိရစ္ဆာန်ဥယျာဉ်ကဗျာများစာအုပ်မှ မြင်းကျား ကဗျာကို ရွတ်ဆိုပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)