ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ထန်းတပင်-အုန်းပင်-ပွဲသာ-မြို့စိုး-သန်လျှက်စွန်းလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ လမ်းပိုင်းကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအတွက် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် (၇)ဖာလုံအတွက် (၁၂)ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းအတွက် ကုန်ကျမူ(၁၃၈.၀၀၀) ကျပ်သန်း အကုန်အကျခံကာ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
၎င်းလမ်းပိုင်းကတ္တရာ ထပ်ပိုးလွှာခင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလဆန်းပိုင်းမှ စတင် ဆောင်ရွက်ကာ ယခုအခါ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကာ ၂၀၂၁-၂၀၂၂ (mini) ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)