တောင်တွင်းကြီးမြို့တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့(အကြို) စာအုပ်စာစောင် ပြပွဲကျင်းပ

တောင်တွင်းကြီး  ဇန်နဝါရီ  ၁၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက်က ပြည်သူများ၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု  ပြည်ထောင်စုနေ့ (အကြို) စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေမည့် သုတ/ရသ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာစာပေဝါသနာရှင် ပြည်သူများ လာရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)