ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်က ကျောင်းသား၊ ကျောင်းသူလေးများ၏ ရင်ထဲတွင် ပြည်ထောင်စုနေ့သည် မမေ့ မလျော့အပ်သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရှိစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ ဖြစ်ပေါ် လာပုံသမိုင်းကြောင်း၊ ပင်လုံစာချုပ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)