သာပေါင်း ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစု ခြင်း (အခြေခံ)သင်တန်းများ ဖွင့်လှစ်နိုင်ရန်နှင့်လှုပ်ရှားမှုများကို စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် ဇန်နဝါရီ ၁၇နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ရပ်ကွက်(၂)၊ဗဟိုလမ်း၊ယာယီအသင်းခွဲရုံး၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်နိုင်ရေး အတွက် ပုသိမ်ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယခရိုင် တပ်ဖွဲ့မှူး ဦးထွဏ်းထွဏ်းဝင်း၊မြို့နယ်အသင်းခွဲ ဥက္ကဋ္ဌဦးကိုနိုင်နှင့်မြို့နယ်တပ်ဖွဲ့ အရာရှိများ၊ နည်း ပြဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး သာပေါင်းမြို့နယ်အသင်းခွဲ၏ လှုပ်ရှားမှုများ စဉ်ဆက် မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊တပ်ဖွဲ့ဝင်/အသင်းသား အင်အားစာရင်းများ ကိုUpdate ပြုစုထားရှိရေးကိစ္စရပ်များနှင့်ရှေးဦးပြုစုခြင်း အတတ်ပညာများ ပြန့်ပွားစေရန်အတွက် သင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များအားတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း