ကမမောင်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ

ကမမောင်း    ဇန်နဝါရီ  ၁၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ကို  ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါနံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲရာမှ အနာများပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲရာ မှသွေးကြောများ ပျက်စီးပုံ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အချက်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် စသည့်အချက်များပါဝင်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)