သာယာဝတီ၌ နှစ်ဦးအထူးတရားပွဲ ကျင်းပပြုလုပ်

သာယာဝတီ    ဇန်နဝါရီ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ခင်မကန် ဆရာတော် (စစ်ကိုင်း) အရှင်ခေမိန္ဒ ဟောကြားတော်မူသော နှစ်ဦးအထူးတရားပွဲကို ယမန်နေ့  ည ၇  နာရီတွင် လွတ်လပ်ရေးကျောက်တိုင်ဝန်းအတွင်း၌ ကျင်းပသည်။‌

ရှေးဦးစွာ တပည့် ဒါယကာ ဒါယိကာမများက နမောတဿ သုံးကြိမ်ရွတ်ဆိုကြပြီး ခင်မကန်ဆရာတော် အရှင်ခေမိန္ဒထံမှ နှစ်ဦးအထူး တရားတော်များကို နာကြားကြည်ညိုကြသည်။

အဆိုပါ နှစ်ဦးအထူးတရားပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ တရားချစ်ခင် ပြည်သူများက လာရောက်၍ နာကြားခဲ့ကြကြောင်း သိရသည်။

သန့်ဇော်