ကော့သောင်း ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံသို့ အသက်ရှုစက်တစ်လုံးကို ယမန်နေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါအသက်ရှုစက်အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းခြင်းဖြစ်ရာ ကော့သောင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုကြီးမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်စား ကော့သောင်းခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက် ထံလွဲပြောင်းပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး အသက်ရှုစက်အား ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမည့်ပြည်သူများ ကျန်းမာရေးဆိုင်ရာကုသမှုလုပ်ငန်းများတွင် စနစ်တကျ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)