မော်လမြိုင် ဇန်နဝါရီ ၁၉
ကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင် ပေးသကဲ့သို့ စာပေမှရရှိသည့် အသိအမြင်ဗဟုသုတတို့ဖြင့် ဘဝလမ်းကြောင်း မှန်ကန်စွာ လျှောက်လှမ်းကြစေလိုသော ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက်၁၀နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးစာဖတ်ခန်းတွင် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း ဆောင်ရွက်ပေးသည်။
ပုံပြင်ပြောဆောင်ရွက်ပေးရာတွင် စုပြည့်စုံထွန်းစာပေတိုက်မှ ထုတ်ဝေသည့် ပတ္တမြားဒေဝီစောမဲကျီ မြန်မာ့ရိုးရာပုံပြင်ဖြင့် ကလေးများ စိတ်ဝင်စားဖွယ်အောင် ဒေါ်အိရွှေစင်က ပုံပြင်ပါ အကြောင်းအရာများကို ပြောပြပေးပြီးနောက် ဗဟုသုတရရှိစေရန် အမေးအဖြေ ကဏ္ဍကို ထည့်သွင်းမေးမြန်းပေးသည်။
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် လူငယ်၊ လူရွယ်များ အတွက် စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းအပြင် ကလေးငယ်များ စာဖတ်သည့် အလေ့အကျင့်အား ကောင်းလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး စဉ်းစားတွေးခေါ်မှုများဖြင့် သူတပါးအား အသိပညာမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)