အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေးနှင့် ယာယီပျံကျဈေးတို့၌ အသံချဲ့စက် များဖြင့် အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် (ပထမအကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ဖေဖော်ဝါရီလ ၂ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Jan 27,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ပန်းခင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့(၁၁)နာရီအချိန်က မြိုနယ်စီမံခန့်ခွဲရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးအောင်မြင့်ကျော်က အခမ်းအနား အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လဝက ဦးစီးအရာရှိဦးထွန်းထွန်းမှ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Jan 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှုမရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေက မြို့ပေါ်ရပ်ကွက်များတွင် Hand Speaker ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
Jan 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုတွင် နွေစပါးမျိုးစေ့ထုတ် စိုက်ခင်းကွင်း လက်တွေ့သရုပ်ပြ စိုက်ပျိုးပြသခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပကြောင်း သိရသည်။
Jan 27,2022
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အောက်စီဂျင် စက်ရုံခန်းမဆောင်၌ ကျင်းပသည်။
Jan 27,2022
အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် ပြည်သူသို့ အသိပေး‌‌ကြေငြာချက်စာ‌စောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ကလိန်အောင်မြို့ မြို့မဈေးနှင့်‌ဈေးဆိုင်များ၊ လူစည်ကားရာ‌နေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြို့နယ်အတွင်းရှိဈေးဆိုင်များနှင့်မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံ အသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။