နမ့်စန်မြို့ အထကခွဲ (လေတပ်) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

နမ့်စန်() ဇန်နဝါရီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့်  ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့် လှုပ်ရှားမှု ဆောင်ရွက်ပေးလျှက်ရှိရာ မန်နေ့ နေ့လယ် ၁ နာရီအချိန်က အထကခွဲ(လေတပ်) ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့်စာဖတ်ဝိုင်း  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် လူကုန်ကူးမှု အန္တရာယ် သိကောင်းစရာများ ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက် ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ ငှားရမ်းကာ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်