ဘီးလင်း ဇန်နဝါရီ ၁၉
သထုံခရိုင်၊ဘီးလင်းမြို့နယ်၊ ယင်းအုံကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယနေ့ နံနက်ပိုင်းက ပြည်သူများ အား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများ အား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးသိန်းထွဋ်အောင် ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယင်းအုံကျေးရွာအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (၅၁)ကတ်တို့ကို ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထူးနောင် ဘီးလင်း(ပြန်/ဆက်)