ကလေး ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လည် ၁ နာရီက စာအုပ်စာပေဆွေးနွေးပွဲ စာဖတ်ဝိုင်းအား ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကလေးခရိုင် စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးသန့်ဇင်က စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသား သည့် ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်မှစာပေ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက မိမိတို့ လေ့လာဖတ်ရှုခဲ့ရသည့် စာပေအခန်းကဏ္ဍများကို ပြန်လည်ဆွေးဆွေး ခဲ့ကြကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)