ကြာအင်းဆိပ်ကြီးမြို့၌ သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ထည့်သွင်းခြင်း တောင်သူအသိပညာပေးဆောင်ရွက်

ကြာအင်းဆိပ်ကြီး မေ ၄

စိုက်ပျိုးလုပ်ကိုင်တောင်သူဦးကြီးများ၏ သဘာဝလယ်ယာမြေများ၌ ဓာတ်မြေဩဇာများထည့်သွင်း သုံးစွဲမှုများပြားလာမှုကြောင့် သဘာဝမြေလွှာမြေဆီမြေနှစ်များ လျော့နည်းခမ်းခြောက်လာမှုကြောင့် စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း ကျဆင်းလာနိုင်သဖြင့် မိမိတို့၏လယ်ယာမြေများအား ပြန်လည်ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာပြီး စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း တိုးတက်ကောင်းမွန်လာစေ ရေးအတွက် သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းကြဲပက်စိုက်ပျိုးခြင်း တောင်သူအသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၂)ရက်ကွက်ရှိ တောင်သူဦးထွန်းကြည်၏ မြို့မစံပြစိုက်ကွင်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ‌ တောင်သူအသိပညာပေး သဘာဝသစ်စိမ်းမြေဩဇာ ထည့်သွင်းကြဲပက်ခြင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်က တောင်သူများအား စိုက်ပျိုးသီးနှံများအား အဆင်ပြေစွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရေး အခက်အခဲများနှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအရ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးအမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝေလင်းညွန့်က သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံ လျှော်)ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မိမိတို့၏လယ်ယာမြေ၌ မြေလွှာမြေဆီမြေနှစ်များ ပြန်လည်ဖွံ့ဖြိုးတိုးတက်ကောင်းမွန်၍ စိုက်ပျိုးပင်နှင့်အသီးအနှံအထွက်နှုန်း တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများမှ မိမိတို့သိလိုသည်များကို မေးမြန်းဆွေးနွေးပြီးနောက် အဆိုပါမြို့မစံပြစိုက်ကွင်း၌ သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့အား ကွင်းအတွင်းသို့ စုပေါင်းကြဲပက်ထည့်သွင်းပေးခဲကြောင်း သိရသည်။

မျိုးမင်းဦး