တုံတာမြို့ သဒ္ဒမ္မရံသီ ကျောင်းတိုက်၌  အဋ္ဌမအကြိမ်မြောက်  အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

တုံတာ မေ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ သဒ္ဒမ္မရံသီကျောင်းတိုက်၌  အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး  မစိုးရိမ်ကျောင်းတိုက်ဆရာတော်က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်သည်။

ရှေးဦးစွာ တုံတာမြို့ အမှတ်(၃၅၈)အမြောက်တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးဝင်းထက်နိုင်၊ ဌာနဆိုင်ရာများ၊ အလှူရှင်းများနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ သာသနပါလဝါးကျောင်း ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက ပဋ္ဌာန်းတရားရွတ်ဖတ်ပူဇော်ရန်  ပဋ္ဌာန်းအမွှန်းဂါထာရွတ်ဆို၍ တိုက်တွန်းနှိုးဆော်သည်။

တုံတာမြို့ သဒ္ဒမ္မရံသီကျောင်းတိုက်၌ အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မေလ ၄  ရက်မှ ၈ ရက်ထိ  ပူဇော်ကျင်းပကြောင်း သိရသည်။

အဲန်းမေရီ(ပြန်/ဆက်)