ကျောက်ဆည်မြို့တွင် (၇၆)နှစ်မြေက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကျောက်ဆည် မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၂ ခုနှစ်မေလ (၅)ရက်နေ့၌ ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်(၈)နာရီက ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေး ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်

စုပေါင်းသွေးလှူဒါန်းရာတွင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်မီးသတ်ဦးစီးမှူးတို့က လိုအပ်မှုများမရှိစေရေး ကြည့်ရှုအားပေးခဲ့ပြီး  သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တာခြင်းများ စနစ်တကျစာရင်းပြုစုခဲပြီး သန္ဓေတပ်ဖွဲ့ဝင် (၁၄)ဦးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦး စုစုပေါင်း(၂၄)ဦးက စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကြီးရပ်ကွက်အတွင်းရှိ တန်ခိုးကြီးလေးမျက်နှာဘုရားတွင်လည်း ရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ သောက်တော်ရေများကပ်လှူခြင်း၊ ဘုရားပန်းများအသစ်လဲခြင်း၊ ဘုရားရင်ပြင်တော်အားသန့်ရှင်းခြင်း၊ ဘုရားဝင်းအတွင်း ပေါက်ရောက်နေသည့် ပေါင်းမြက်များ၊ အမှိုက် များအား စုပေါင်းသန့်ရှင်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)