အမြို့မြို့အနယ်နယ်သတင်းများ

May 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များ အတွင်းရှိ အသက်မွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ကစ၍ မြို့မရပ်ကွက်၊ မိခင်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မေ ၂ ရက် ည ၈ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးသွပ်နှင့်မြှားတန်းများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (ရန်ကုန်) အားကစားနှင့် ကာယပညာ သိပ္ပံ​ကျောင်း တက်​ရောက်ရန်​ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားမှူးထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များက မြသိန်းတန်စေတီတော် မြတ်ကြီးဝန်းအတွင်း၌ ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။
May 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းထူထောင်ရေး မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကမော့ကချူးကျေးရွာအုပ်စု၊ ဖာပွန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အတွင်းရှိ​ဘောလုံးဝါသနာရှင် လူငယ်လူရွယ်များ အသက် (၁၉)နှစ်အောက် ဘောလုံးလူငယ်ရွေးချယ်ပွဲကို မေ ၇ ရက်နေ့တွင် မြို့နယ်အားကစား ဘောလုံးကွင်း၌ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
May 04,2022
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံစီးပွား‌ရေးလုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် ပြည်နယ်၏ ဘောလုံး အားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဘောလုံးအသင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင် ကြမည့် အမှတ်ပေးလိဂ်ဖလား မနောလိဂ်အမျိုးသားဘောလုံးပြိုင်ပွဲ (၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို မေ ၂ ရက် ညနေ ၃ နာရီတွင် ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်တိုင်းရင်းသား တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက်/ ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။