နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေပေးအပ်

နတ်တလင်း   မေ   ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေးဘေးသင့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက နတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့သည်။

အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် မကျီးစုကျေးရွာအုပ်စု၊ ဘုန်းစုကျေးရွာတွင် အမိုးလန်နေအိမ်(၁)လုံးအတွက်  အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀)ကျပ်၊ အိမ်ထောင်စုရှိ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၈၄၀၀)ကျပ်ကို လေဘေးသင့်အိမ်ထောင်စုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး