နတ်တလင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

နတ်တလင်း မေ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျခတ်ဝါရုံ ကျေးရွာ အုပ်စုရှိ တောင်သူဦးမြင့်ကြိုင်၏ လယ်‌မြေ ၅ ဧကတွင် ရတနာတိုးမျိုးစပါး(၀.၁၀)ဧက နွေစပါး စံပြကွက် ရိတ်သိမ်းပွဲကျင်းပခဲ့သည်။

အဆိုပါ ကျခတ်ဝါရုံကျေးရွာအုပ်စု တောင်သူဦးမြင့်ကြိုင်၏‌နွေစပါးစံပြကွက် ၅ ဧကတွင် ရတနာတိုးမျိုးစပါး (၀.၁၀)ဧက စံကွက်ရိတ်သိမ်းကြရာ တစ်ဧကအထွက်နှုန်း ၁၂၈ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

နွေစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး