အမြို့မြို့အနယ်နယ်သတင်းများ

Jun 13,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ရွှေဘုန်းပွင့်စေတီတော်၌(၂၇)ကြိမ်မြောက် မဟာသမထသုတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် အသံမစဲပဌာန်းရွက်ဖတ်ခြင်း အောင်ပွဲကို ယနေ့တွင် ကျင်းပပြုလုပ်သည်။
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း (၉:၃၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 13,2022
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများဈေးကောင်းရ၍ တွက်ချေကိုက်အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jun 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ‌ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူ ကြည့်ရှုလေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား / သူများအား (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း၌ ဇွန် ၁၃ ရက် နံနက် ၉ နာရီ ချိန်က ဆောင်ရွက်ခဲ့သည်။
Jun 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (Sinopharm) အားထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၂၆၀) ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သနပ်ပင် မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သရက်ပင်ကိုင်း ဆက်စိုက်ပျိုးခြင်း၊ ကြက်သားဖောက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ကျူချောင်း၊ မင်းရွာတာဝ၊ မင်းရွာကျောင်းစု ကျေးရွာများ၌ ပြုလုပ်ခဲ့ကြသည်။