အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ ပန်ကြူ ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခန့်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် လူနေအိမ် ၇ လုံး၊ မီးဖိုချောင် ၄ လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
Apr 12,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်းကျေးရွာအုပ်စုရှိ (သစ်စိမ်းမြေဩဇာ) ပိုက်ဆံလျှော်မျိုးစေ့ထုတ် (၅)ဧကစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုး ထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုမေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးဝင်းစိုး၊ သက်ဆိုင်ရာမြို့နယ်နှင့် မြို့စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းစိုက် တောင်သူဦးကုသိုလ်တို့က စိုက်ခင်းစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
Apr 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား Phase- 9 ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ဆေးရုံဟောင်း)၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Apr 12,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 12,2022
ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကန်သာယာပတ်လမ်း၊ ဦးပေါက်တံတားဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါတံတားတည်နေရာ၌ ကျင်းပသည်။
Apr 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ မြို့ဦးမြို့ထိပ်ရှိ သမိုင်းဝင်ထိန်ကန်ကြီးမှ ကြိုးပေါက်သွားသည့် ရေလွှဲကန် တာပေါင်အား အများလှူဒါန်းငွေဖြင့် လူငယ်များ စုပေါင်းပြုပြင်ခဲ့ရာ ဧပြီ(၁၁)ရက်နေ့က လုပ်ငန်းအားလုံးပြီးစီးခဲ့ကြောင်း သိရသည်။
Apr 12,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” ဖြင့် ပြုလုပ်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် နမ္မတီးမြို့၊ လမ်းခွကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာနှင့် အောင်မြေ(၁)‌ ကျေးရွာတို့ တွင် ဧပြီ ၈ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုဖြစ်‌ပေါ်ခဲ့ရာ ယမန်နေ့ ညနေပိုင်းတွင် ဝိုင်းမော်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့က အိမ်ထောင်စုသုံးပစ္စည်းများကို သွားရောက်ထောက်ပံ့ခဲ့ကြသည်။