မင်းလှ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား / သူများအား (ပထမအကြိမ်) ထိုးနှံပေး

မင်းလှ ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား / သူများအား (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း၌ ဇွန် ၁၃ ရက် နံနက် ၉ နာရီ ချိန်က ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ အသက် (၅) နှစ်မှ (၁၂) နှစ်အောက် ကျောင်း သား / သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (sinopharm) နှင့် အသက် (၁၂) နှစ်မှ (၁၇) နှစ်ထိ ကျောင်း သား / သူ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Myancopharm) (ပထမအကြိမ်) ထိုးနှံပေးခဲ့ရာ အသက် (၅) နှစ်မှ (၁၂) နှစ် အောက် ကျောင်းသား / သူ (၃၅) ဦး၊ အသက် (၁၂) နှစ်မှ (၁၇) နှစ်ထိ ကျောင်းသား / သူ (၁၉၅) ဦး ထိုးနှံပေးနိုင်ခဲ့သည်။

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၅၅) ကျောင်းနှင့် ဘ/က(၄)ကျောင်း စုစုပေါင်း(၁၅၉) ကျောင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား / သူများအား ကျန်းမာရေးဦးစီးဌာနမှ ဇွန်လ ၂၂ ရက်နေ့ထိ ကျောင်းများ အလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇင်စိုး(ပြန်/ဆက်)