မိုင်းငေါ့မြို့တွင် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား ရုံးရှေ့ဖမြေ‌စိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားရှိ

မိုင်းငေါ့ ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ‌ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူ ကြည့်ရှုလေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့မှုများ၊ ဘာသာပေါင်းစုံအဖွဲ့အား တွေ့ဆုံမှုများ၊ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁)နှင့် နောက်ဆက်တွဲများ၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၊ လိုင်ဇာညီလာခံနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးစသည့် နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)