သာကေတမြို့နယ်ရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်း လုပ်ငန်းအား ဆောင်ရွက်

သာကေတ ဇွန် ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (Sinopharm) အားထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၂၆၀) ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်ရှိ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinopharm) အား ဆက်လက်ထိုးနှံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉  နာရီမှ ညနေ ၃ နာရီ အထိ၂/မြောက်ရပ်ကွက်ရှိ အမှတ် (၂၆)၊ အမှတ် (၄၂) အခြေခံပညာ မူလတန်းကျောင်းများတွင် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ  (၄၀၄) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ၊ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ၊ မရှိ၊ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့နှစ်ဖွဲ့ဖြင့် ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ခဲ့ပြီး သာကေတမြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်း (၄၆) ကျောင်း၊ အလယ်တန်းကျောင်း (၆) ကျောင်း၊ အထက်တန်းကျောင်း (၆) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇) ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း (၈) ကျောင်း ရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)