နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန ရပ်ရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများတည်ဆောက်ခြင်း စီမံကိန်းမြို့နယ်နှင့် ကျေးရွာအဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်း အစည်းအဝေးကျင်းပ

နမ့်ဆန် ဇွန်  ၁၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန (BRIC) စီမံကိန်းမှ ဆောင်ရွက်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က နမ္မဝေါရပ်ကွက်တွင် တည်ရှိသော ကြက်ခေခြနီစီမံချက်ရုံးတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဉက္ကဋ္ဌ ဦးကြားတီမှ အဖွင့်အမှာစကားပြောကြားပြီး စီမံချက် အရာရှိဒေါ်စုစုလှိုင်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန ရပ်ရွာလူထုအားလုံး ပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်စွမ်းရှိသည့် ကျေးရွာများ တည်ဆောင်ခြင်းစီမံကိန်းအား ၂၀၂၀ခုနှစ် ဇွန်လမှစတင်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ လက်ရှိဆောင်ရွက်လျက် ရှိသော ကျေးရွာ(၂၅)ရွာတွင် စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ပြီးစီး မှုအခြေအနေများ၊ ရှေ့ဆက် ဆောင်ရွက်မှုလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသော စီမံကိန်းကျေးရွာများမှ လက်ရှိဆောင် ရွက်မှုအခြေအနေနှင့် တွေ့ကြုံရသောအခက်အခဲများအား ဆွေးနွေးခြင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တက်ရောက် လာကြသူများ တင်ပြဆွေးနွေး ချက်များအား အကြံပြုဆွေးနွေးခြင်း၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးခင်မောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)