ရေတာရှည် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း (၉:၃၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ များကို ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၇) ခုနှင့် ကျေးရွာအုပ်စု (၄၈) အုပ်စုရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် (၃) သောင်းကျပ်တိတိဖြင့် ဘိုးဘွား (၉၆၂) ဦးအတွက် စုစုပေါင်းငွေကျပ် (၂၈၈) သိန်း ကျော်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဘိုးဘွားများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ရေတာရှည်(ပြန်/ဆက်