Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jun 14,2022
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲကိုယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ
Jun 14,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းနှင့်ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်( GAqP)သင်တန်းတွံတေး၌ ဖွင့်လှစ်
Jun 14,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(တွံတေး)တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး ဗီနိုင်းစိုက်ထူပွဲနှင့် ဟောပြောပွဲကျင်းပ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ငါးသယံဇာတထိန်းသိမ်းရေး ဗီနိုင်းစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက ကျောက်တန်းမြို့နယ် ဝဲကြီးစံပြကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နေလည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jun 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ကွမ်တာကျေးရွာ၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်များ အခမဲ့ဖြန့်ဝေ
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန်၊ သစ်တောသစ်ပင်များ ချစ်မြတ်နိုးတတ်စေရန်၊ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် သဲဖြူကျေးရွာအုပ်စုနှင့် ချင်းမြောင်ကျေးရွာအုပ်စုများရှိ ပြည်သူများ လက်ဝယ်အရောက် ပျိုးပင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17504
Page
17505
Page
17506
Page
17507
Current page
17508
Page
17509
Page
17510
Page
17511
Page
17512
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department