အမြို့မြို့အနယ်နယ်သတင်းများ

Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား / သူများအား (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း၌ ဇွန် ၁၃ ရက် နံနက် ၉ နာရီ ချိန်က ဆောင်ရွက်ခဲ့သည်။
Jun 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (Sinopharm) အားထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၂၆၀) ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သနပ်ပင် မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သရက်ပင်ကိုင်း ဆက်စိုက်ပျိုးခြင်း၊ ကြက်သားဖောက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ကျူချောင်း၊ မင်းရွာတာဝ၊ မင်းရွာကျောင်းစု ကျေးရွာများ၌ ပြုလုပ်ခဲ့ကြသည်။
Jun 13,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဗန်းမော်သိန်းဖေ၏ အိပ်မက် လှလှအောင်မြင်သောဘဝ စာအုပ်ဖြင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းဝင်များက ယမန်နေ့ နေ့လယ် (၂)နာရီတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Jun 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့ဇိုင်းယာန်းနှစ်ခြင်း အသင်းတော် အမျိုးသမီးအသင်းမှ ဦးဆောင်၍ ရိုးရာဂျပ်ခုတ် သင်တန်းကို  ယနေ့နံနက်ပိုင်းက ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Jun 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊  ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအသိပညာပေး Talk Showဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 13,2022
ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးစေတီတော်အနီးတွင် ဆောက်လုပ်ထားသည့် သာသနာ့ဗိမာန်တော် အဆောက်အအုံကို ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် လိုအပ်သည့်ပြုပြင်မှုများ ဆောင်ရွက်ရန် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာသနာ့ဗိမာန်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့မှ စီစဉ်ဆောင်ရွက် လျက်ရှိသည်။
Jun 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ရာသီပေါ်ထွက်ရှိသည့် ပတ္တမြားငမောက် သရက်သီးမှာမနှစ်ကထက် ဈေးကောင်းမရ၍  အဆင်မပြေဖြစ်‌နေကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။