နောင်တရားမြို့၌ (၂၇)ကြိမ်မြောက် အသံမစဲပဌာန်းအောင်ပွဲ ကျင်းပ

နောင်တရား ဇွန် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ရွှေဘုန်းပွင့်စေတီတော်၌(၂၇)ကြိမ်မြောက် မဟာသမထသုတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် အသံမစဲပဌာန်းရွက်ဖတ်ခြင်း အောင်ပွဲကို ယနေ့တွင် ကျင်းပပြုလုပ်သည်။

မဟာသမထသုတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် အသံမစဲပဌာန်းရွက်ဖတ်တော်မူကြကုန်သော သံဃာအရှင်သူမြတ်တို့အား နောင်တရားမြို့ ဒကာ၊ ဒကာမများက ဆွမ်း၊ ခဲဖွယ်များဖြင့် ဆက်ကပ်လှူဒါန်းကြသည်။ အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်သည့် ကာလအတွင်း ဆွမ်း၊ ခဲဖွယ်များကို ဆက်ကပ်လှူဒါန်းကြသည့် ဒကာ၊ ဒကာမများက ဆွမ်းခဲ့ဖွယ်ဘောစင်များ၏ အကျိုးနှင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များနှင့်အတူ သံဃာရှင်သူမြက်များထံမှ အတူတကွနာယူကြသည်။ အဆိုပါ ရွှေဘုန်းပွင့်စေတီတော်၌ အသံမစဲပဌာန်းပွဲကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)