မိုးကောင်းမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မိုးကောင်း ဇွန် ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဗန်းမော်သိန်းဖေ၏ အိပ်မက်လှလှအောင်မြင်သောဘဝ စာအုပ်ဖြင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းဝင်များက ယမန်နေ့ နေ့လယ် (၂)နာရီတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီနီလွင်က စာဖတ်ဝိုင်းကျင်းပ ရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး အိပ်မက်လှလှအောင်မြင်သော ဘဝစာအုပ်မှ နိယာမ(၂) ဘဝ ရည်မှန်းချက်ကို သိအောင်လုပ်ပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ Book Club အသင်းဝင် ဒေါ်ခင်သဇင်လင်းက Comfort Zone ကိုပြောင်းလဲ ပေးသော Affirmation ရဲ့စွမ်းပကား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်အေးအေးအောင်သူက အဆိုးထဲက အကောင်းမြင်တတ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ရည်မှန်းချက်ပန်းတိုင်ရဲ့ စွမ်းပကားခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ရလာဒ်မကောင်းလျှင် တုံ့ပြန်မှုပြောင်းပါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ပြောကြား သည်။

စာဖတ်ဝိုင်းဆွေးနွေးမှုမှ တစ်ဆင့် လက်တွေ့ဘဝတွင် အောင်မြင်ရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ စာဖတ်ဝိုင်းကို အစဉ်သဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)