ကရသူရိ ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Showဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့်ခြင်းများပေါက်ဖွားတတ်သောနေရာများ၊ သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာအကြောင်း၊ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နည်းနှင့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်တို့ကို ပညာပေးဆွေးနွေးသည်။ ထို့နောက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပတ်ဝန်းကျင်သန့်ရှင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ရေတွင်း/ရေကန်များနှင့်ရေအသုံးပြုသည့်နေရာများကို စနစ်တကျထားရှိမှုနှင့် ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာ ရေးဌာနတို့တွင် အမြန်ဆုံးပြသရေးတို့ကို အငယ်တန်းစာရေး ဒေါ်ခြူးအိဖြူ ကဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း အဆိုပါဆောင်ရွက်ခြင်းသည် မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများအသိပညာဗဟုသုတရရှိရေး ပညာပေးဆွေး နွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)