သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်  အမျိုးသမီးအသင်းမှ ရိုးရာဂျပ်ခုတ် သင်တန်းဖွင့်လှစ်

သံတောင်ကြီး  ဇွန်   ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့ဇိုင်းယာန်းနှစ်ခြင်း အသင်းတော် အမျိုးသမီးအသင်းမှ ဦးဆောင်၍ ရိုးရာဂျပ်ခုတ် သင်တန်းကို  ယနေ့နံနက်ပိုင်းက ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရာဂျပ်ခုတ် သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသမီးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကရင်ရိုးရာဂျပ် ခုတ်လုပ်ငန်းများမပျောက် ပျက်ထိန်းသိမ်းနိုင်စေရန်၊အမျိုးသမီးများအနေဖြင့်  တစ်ပိုင်တစ်နိုင်ဂျပ်ခုတ်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ရည်ရွယ်၍ ဂျပ်ခုတ်သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း   ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် အမျိုးသမီးအသင်းမှနော်ဥမ္မာထံမှ သိရသည်။

အဆိုပါဂျပ်ခုတ်သင်တန်းတွင်သင်တန်းဆရာ()ဦးကသင်ကြား ပေးသွားမည်ဖြစ်ပြီး အမျိုးသမီး သင်တန်းသူ  (၂၅)ဦးတက်ရောက်ကာ  သင်တန်းကာလ(၃)လ ကြာမြင့်မည်ဖြစ်ကြောင်း သိသည်။

နော်နော်မူ