အမြို့မြို့အနယ်နယ်သတင်းများ

Apr 15,2022
မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း မြိတ်ကျွန်းစုရှိ သဘာဝအလှတရားများဖြင့် သာယာလှပလျက်ရှိသည့် စမတ်ကျွန်းအပါအဝင် ကျွန်းများသို့ ဒေသခံပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားများမှ မိသားစုအလိုက်၊ အစုအဖွဲ့များအလိုက် မြိတ်ဆိပ်ကမ်းမှ SPEED BOAT များဖြင့် အပန်းဖြေခရီး သွားရောက်လည်ပတ်လျက်ရှိကြသည်။
Apr 15,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မဟာသင်္ကြန်ပွဲတော် အကျနေ့ ညနေပိုင်းတွင် ဗဟိုမဏ္ဏပ်တွင် အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များမှယိမ်းအဖွဲ့များမှ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေလျက်ရှိရာ ပြည်သူများမှ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။
Apr 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့်
Apr 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ သင်္ကြန် (အကြတ်)နေ့၌ ဝေါမြို့မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရင်းယှဉ်ပြိုင်၊ ယှဉ်ပြိုင်ရင်း ဖျော်ဖြေမှုအနေ ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာများမှ ယိမ်းအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် မြူးမြူးကြွကြွ ယှဉ်ပြိုင်ဖျော်ဖြေမှုနှင့်အတူ အဆို၊ အက ဝါသနာရှင်များကလည်း ပါဝင်သီဆိုဖျော်ဖြေပေး လျက်ရှိရာ  ပြည်သူများ ပျော်ရွှင်စွာကြည့်ရှုအားပေးကာ လှည့်လည်ရေကစားကြကြောင်း သိရသည်။
Apr 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော တန်ခူးလပြည့်နေ့ သင်္ကြန်အကြတ်ရက်တွင် ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
Apr 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီ(၁၅)ရက်နေ့၌ ရပ်ကွက်/ကျေးရွာများတွင် စတုဒိသာကျွေးသည့် ကုသိုလ်ရှင်များ၊ ဥပုသ်သီလဆောက်တည်သူများနှင့် အေးချမ်းစည်ကားလျက်ရှိကြောင်း သိရှိရသည်။
Apr 15,2022
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်း လောင်းကြခြင်းဖြစ်သည်နှင့်အညီ ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာ သင်္ကြန် (အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိသည်။
Apr 15,2022
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ဧပြီလ ၁၅ ရက်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်တွင်းခရီးသွားဧည့်သည်များ ပင်လယ်အပန်းဖြေခရီးထွက်ရင်း ပင်လယ်သင်္ကြန်ပွဲတော် အားဆင်နွှဲရန် ကော့သောင်းမြို့သို့ အများအပြားလာရောက်လည်ပတ်ကြသည်ကို စည်ကားစွာတွေ့ရသည်။