အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူမျိုးသန့်ခြံ၌ ဒေသတွင်း တောင်သူလယ်သမားများအတွက် ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီပြီး သီးနှံအရည်အသွေးကောင်းမွန်သော မျိုးသန့်မျိုးပွားမျိုးများကို ဖြန့်ဖြူးပေးနိုင်ရန် ပဲစင်းငုံ၊ နေကြာ သီးနှံများစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Jun 14,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးရွာလမ်းကော်မတီများ  ပူးပေါင်းကာ ကျေးရွာချင်းဆက် လမ်းဘေးဝဲယာတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် အရိပ်ရသစ်ပင်များကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 14,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့်စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းဘေးဝဲယာနေရာများနှင့် တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်ကားလမ်း ဘေးဝဲယာနေရာများတွင် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပန်းအလှပင်များ၊ အရိပ်ရအပင်များကိုလည်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Jun 14,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရှမ်းပြည်နယ် ICRC  ကိုယ်စားလှယ်ရုံးခွဲတာဝန်ခံ လားရှိုးမြို့မှ Mr.Piotr Dregiel နှင့်
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေရာ တွင် ပြည့်ဝစွာပေးဝေနိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်ထုံးကြီးမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၉)လုံးအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၄၅)သန်းဖြင့် ပြန်လည် ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
Jun 14,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ သစ်တောဦးစီးဌာန၏ ၂၀၂၂ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီခွဲက လွိုင်လင်ဂေါက်ကလပ်၌ ကျင်းပသည်။