ကျောက်မဲ ဇွန်၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက်(၉) နာရီခွဲအချိန်တွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၁)နစ်ခွဲအောက် ကလေးများကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ပုံမှန်ကာကွယ် ဆေးများကိုထိုးနှံတိုက် ကျွေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)