Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကင်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချ
Jun 14,2022
ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်း၊ ကံဘဲ့တာဝါရှေ့တွင် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများ အသင်း၏အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာနှင့် သက်သာစွာ ဝယ်ယူနိုင်ရန် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ကိုဗစ်- ၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်
Jun 14,2022
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးနှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လိုက်လံနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ် ပိတောက်တန်းကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Jun 14,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ယမန်နေ့၊ နံနက်ပိုင်းက တာခွကျေးရွာအုပ်စု၊ ပိတောက်တန်းကျေးရွာ၊ ရှမ်းတောကြီး ဘုန်းတော်ကြီးကျောင်းတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနနှင့် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်၊ ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက် လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Jun 14,2022
ကော့သောင်းမြို့နယ်တွင် ပြည်သူများ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတမြင့်မားလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ ကော့သောင်းခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းသို့ မိုဘိုင်း စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (Talk Show) ကျင်းပ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉နာရီက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆောင်ရွက်
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြည်သူများနှင့် လူငယ်လူရွယ်များကြား စာဖတ်ရှိန် မြှင့်တင်နိုင်စေရေး ရည်ရွယ်လျက် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁:၀၀)အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့တွင် အသက်(၅)နှစ်မှ(၁၅)နှစ် အတွင်းအကျောင်းသား/သူများအား ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး
Jun 14,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ယူလျက်ရှိသော အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူများအား ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က အထက်တန်းကျောင်း ရွှေလီခန်းမ၌ ကိုဗစ်(၁၉)ကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမျိုးသန့်ခြံ၌ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး သီးနှံများစိုက်ပျိုး
Jun 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူမျိုးသန့်ခြံ၌ ဒေသတွင်း တောင်သူလယ်သမားများအတွက် ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီပြီး သီးနှံအရည်အသွေးကောင်းမွန်သော မျိုးသန့်မျိုးပွားမျိုးများကို ဖြန့်ဖြူးပေးနိုင်ရန် ပဲစင်းငုံ၊ နေကြာ သီးနှံများစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17495
Page
17496
Page
17497
Page
17498
Current page
17499
Page
17500
Page
17501
Page
17502
Page
17503
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department