နမ့်ဆန်မြို့နယ်၌  အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ်စတင်ထိုးနှံပေး

နမ့်ဆန် ဇွန်၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်- ၁၉ ရောဂါ ကင်းဝေးစေပြီးကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုစဉ် ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့်ဆရာ/မများက ကိုဗစ်၁၉ရောဂါကာကွယ်ရေးလမ်းလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း ကျန်းမာရေးစစ်ဆေးခြင်း မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးပြီး နောက်ကျောင်းသား/သူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

နမ့်ဆန်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျောင်းသား/သူ (၁၈၇)ဦး ထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောကျောင်းသား/သူမျာအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)