ပေါက်ခေါင်း ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပိတောက်ကုန်း(လယ်)ကျေးရွာသို့ ယမန်နေ့နေ့လယ်အချိန်က ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအား တက်ရောက်လာသည့် ကျေးရွာပြည်သူများအား မိတ်ဆက်ရှင်းလင်းပြောကြားပြီး၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်မည့် ကော်မတီဝင်(၇)ဦးကို ရွေးချယ်ဖွဲ့စည်းခြင်း၊ အုပ်စု(၅)စုဖွဲ့စည်းထားခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး(VDP)ရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း(၁၀၀)ဖြင့် မြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများအား ကျောက်စရစ်မြေနီခင်းခြင်းနှင့် မြေသားရေကန် တူးဖော်ပေးခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်