Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းရွာသစ်မြို့ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း ၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ "လောကဇာတ်ခုံပေါ်မှာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြု လုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ဖြူရှင်စခန်းရှိ ဝန်ထမ်းနှင့်အကျဉ်းသား (၁၆၇)ဦးအား ကိုဗစ်-၁၉ရောဂါထပ်ဆောင်း ကာကွယ်ဆေး(Booster)ထိုးနှံပေး
Jun 14,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု-ထုံခါကျေးရွာ အကျဉ်းဦးစီးဌာန၊ ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူ ရေးနှင့်သက်မွေးမှုအတတ်သင်စခန်း(ထုံခါ)ရှိဝန်ထမ်းများနှင့် လုပ်အားရှင်အကျဉ်းသားများပေါင်း(၁၆၇)ဦးတို့အား ညောင်ပင်ကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ လ/ထကျန်းမာရေးမှူး ဦးမြတ်သီလနှင့် ဆရာမများက ယမန်နေ့နံက်၁၀နာရီမှ မွန်း လွဲ ၂နာရီအထိ ၎င်းဆင်ဖြူရှင်အတတ်သင်စခန်းသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်တွင် တန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်လှစ်
Jun 14,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တဖက်တလမ်းမှ မိသားစုဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ ဆပ်သွားတောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် သီးနှံအခြေခံယိုအမျိုးမျိုး တန်းဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မှော်ဘီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအရှိန်အဟုန်မြှင့်အသိပေးနှိုးဆော်
Jun 14,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများကနေ့စဉ်အရှိန် အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jun 14,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးခြင်းနှင့်အတူ EM ဘိုကာရှီသဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသရုပ်ပြ…
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဗျက်ကြီးကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘွဲ့တံဆိပ်တော်များ ရရှိတော်မူသော တောင်စလင်းတိုက်သစ်ဘာဝနာဌာနမှ ဘဒ္ဒန္တတိက္ခမထေရ်မြတ်ကြီးနှင့် ဘဒ္ဒန္တနေမိန္ဒမထေရ်မြတ်နှစ်ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင…
Jun 14,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်ပူဇော်သော အဘိဇေမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ရရှိတော်မူသော တောင်စလင်းတိုက်သစ်ဘာဝနာဋ္ဌာန မဟာနာယက၊ ဗြဟ္မစိုရ်ဆရာတော် ဘဒ္ဒန္တတိက္ခ မထေရ်မြတ်ကြီးနှင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရရှိတော်မူသော တောင်စလင်းတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒမထေရ်မြတ်နှစ်ပါးတို့အား
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားကြသည့် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17487
Page
17488
Page
17489
Page
17490
Current page
17491
Page
17492
Page
17493
Page
17494
Page
17495
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department