အမြို့မြို့အနယ်နယ်သတင်းများ

Apr 14,2022
၁၃၈၃ ခုနှစ် မြန်မာရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို  ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ယမန်နေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်အောင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်အသီးသီးမှ လှပျိုဖြူ လေးများက မြူမှုံဝေကင်းသီချင်းဖြင့် သီဆိုကပြကာ တပျော်တပါး ရေပက်ကစားကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ကပြဖျော်ဖြေသောယိမ်းအဖွဲ့များအား ဆုများအသီးသီး ချီးမြှင့် ခဲ့ကြသည်။
Apr 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်၊ ထားဝယ်-မြိတ်ကားလမ်း၊ အထက(သရက်ချောင်း) ကျောင်းရှေ့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 14,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့တွင်းလမ်းများနှင့် မြို့တွင်းမြောင်းကူးတံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့သစ်မြို့လယ်ပြင်ရပ်ကွက်၊ ပတ္တမြားလမ်းအရှည် (၁၄၇၉)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၉)လက်မ ကွန်ကရစ်ခင်းခြင်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၃၂ ဒသမ ဝဝ) ကျပ်သန်းဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါတွင် ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
Apr 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်  ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်ကအမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း(၁၀)ဖြတ်လမ်းထိပ်ရှိ ဗဟိုမဏ္ဍပ်၌ အေးချမ်းသာယာစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Apr 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၁၃၈၃ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇)ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ရှိ ရေကစားမဏ္ဍပ်၌ ကျင်းပသည်။
Apr 14,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့ညနေပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့ ဗဟိုမဏ္ဍပ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယိမ်းအကအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
Apr 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင် ညောင်ပင်စျေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းစီစဉ်ကျင်းပသည့် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ငါးခြောက်ကျွန်းကျေးရွာ (အ.ထ.က)ကျောင်းတွင် ကျင်းပသည်။