မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဇွန် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ အောင်သင်း ရေးသားသည့် '' အားနေသောလက်များ''စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးဟန်ဝင်းစိုးက ''အားနေ သောလက်များ''ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး အဖွဲ့ဝင် ဦးကိုလေးက ''လူငယ်တွေ မအ အောင်လို့'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်အသင်း(Youth Club) အဖွဲ့ဝင် မောင်ရဲမင်းထွန်းက ''လူငယ်နှင့်ရသ၊ နောင်လာ နောက်သား''ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးရာ တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း သူ့အမြင်၊ ကိုယ့်အမြင်များကို ဖလှယ်ကာ ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို စာပေဝါသနာရှင်များ၊ လူငယ်၊ လူရွယ်များနှင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့်အလေ့အထရရှိစေရန်၊ သူ့အမြင်ကိုယ့်အမြင်များ ဖလှယ်ကာ ဗဟုသုတတိုးပွားရရှိစရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး လစဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)