အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်အတွက်  လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အရှေငယ်တိုး ကျေးရွာ၌ သောက်သုံးရေ ဖူလုံစွာရရှိရေး စက်ရေတွင်း၊ ရေစက်ရုံ၊ စင်မြင့်ရေစင်နှင့် ရေပိုက်သွယ်တန်းများ ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။
Jul 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 13,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ (GIS)နည်းပညာဖြင့် တည်နေရာ (Point) စတင် ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
Jul 13,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင်  ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နံနက်ပိုင်းမှညပိုင်းအထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် ‌အထူးစည်ကားများပြားလျက်ရှိသည်။
Jul 13,2022
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပဲခူးခရိုင်ဘဏ်ခွဲသည် ပဲခူးမြို့ နယ်အတွင်းရှိ အချိန်စေ့ချေးငွေပြေကျေပြီးသည့် လယ်သမားများသို့ (၁၈-၅-၂၀၂၂) နေ့မှစတင်၍ ၂၀၂၂-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ (၁၁-၇-၂၀၂၂) ရပ်ကွက်/ ကျေးရွာအုပ်စု (၃၅) အုပ်စုမှ လယ်သမား (၁၅၅၄) ဦးသို့ (၁၀၇၈၁) ဧကအတွက် ချေးငွေပေါင်း (၁၆၁၇၁.၅၀) သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Jul 13,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် သမဝါသမအသင်းများ ဖွံ့ဖြိုး​ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​မန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမှာ ပြုလုပ်​ဆောင်ရွက်​​ကြောင်း သိရသည်။
Jul 13,2022
မိုးတွင်းကာလတွင် အဖြစ်များတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ခြင်မှဖြစ်ပွားတတ်‌သောရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အတွင်းရှိ (၃၉)ရပ်ကွက်၊ အမက(၁၉)ကျောင်းနှင့် (၂၈)ရပ်ကွက်၊ အောင်ရတနာလမ်း တို့တွင် ယမန်နေ့ နံနက်ပိုင်းက ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။