အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ဖြစ်သည့် ယမန်နေ့ညနေပိုင်းတွင် မြို့ပေါ်ရှိတန်ခိုးကြီးဘုရားစေတီများနှင့် ပန်းခြံတို့တွင် ကုသိုလ်ပြုသူ ဘုရားဖူးပြည်သူများ၊ အပန်းဖြေလာရောက်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
Jul 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယမ်းခကျေးရွာအုပ်စု၊ ဝမ်ဆမ်ရွာအနီး ကျိုင်းတုံ-တာချီလိတ် ကားလမ်းတွင် ယမန်နေ့က ကားတစ်စီးအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jul 13,2022
ဒေသခံပြည်သူများသွားလာရေးလွယ်ကူစေရန်အတွက်  သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ကျက်ဆူတောကျေးရွာ-ထူးကုန်းကျေးရွာ-သဲနုန်းကျေးရွာ- မြောက်ညိုကုန်းကျေးရွာတို့ဆက်သွယ်သည့်လမ်းအား ကျောက်ချောခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် (၇၅) နှစ်မြောက်အာဇာနည်နေ့အကြောင်းသိရှိစေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်၊  စာကြည့်တိုက်သို့  လာရောက်သည့် အလေ့အထများ ဖြစ်စေရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် စာဖတ်စွမ်းပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူမှုဖူလုံရေးအဖွဲ့မှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ မိုးစပါးစိုက်ဧကများတွင် အရည်အသွေးကောင်းမွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများက လျာထားချက်ထက် စိုက်ဧကပြည့်မီကျော်လွန်စေရန်အတွက် ကြိုးစားထွန်ယက်စိုက်ပျိုးလျက်ရှိ​သည်။
Jul 13,2022
တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ပန်းယျကျေးရွာ စိန်ဖူးကျောင်းဆရာတော်အား ဝါတွင်းကာလ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲကို ယမန်နေ့ညနေ (၃) နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပကြောင်းသိရသည်။