အုတ်ဖိုမြို့နယ်အတွင်း (GIS)နည်းပညာဖြင့် တည်နေရာ (Point) စတင်ကောက်ယူ

အုတ်ဖို ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယမန်နေ့ မွန်းလွဲပိုင်းမှစတင်၍ (GIS)နည်းပညာဖြင့် တည်နေရာ (Point) စတင် ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တည်နေရာပြ (Point) ကောက်ယူရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်အေးမြင့်နှင့် တာဝန်ရှိ ဝန်ထမ်းများက ကျောင်းကြီးတန်းရပ်ကွက်၊ မိုးညိုတန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် ရွာမရပ်ကွက်တို့တွင် Geographical Information System(GIS) စနစ်ဖြင့် ရပ်ကွက်တည်နေရာ (Point) စတင်ကောက်ယူခဲ့ပြီး ကျန်ရပ်ကွက်/ကျေးရွာများသို့လည်း ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

အောင်သူ(ပြန်/ဆက်)